Local News

အစိုးရအချင်းချင်း သဘောတူညီချက်အရ ဘင်္ဂလားဒေ့ရှိနိုင်ငံသို့ ဆန်တင်ပို့မှုအခြေအနေ

Last Updated:

မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ G to G MoU အရ တန်းမြင့် (၅%) ဆန်တန်ချိန် (၂)သိန်း တင်ပို့နိုင်ရေးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ Directorate General of Food (Ministry of Food) နှင့် မြန်မာ နိုင်ငံမှ Myanmar Rice Federation-MRF တို့အကြား ဆန်ရောင်းဝယ်မှုဆိုင်ရာ နှစ်ဖက်သဘောတူညီ မှု အား (၈-၉-၂၀၂၂) ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ကြပါသည်။

          အဆိုပါ သဘောတူညီမှု အစီအစဉ်များအရ မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တင်ပို့နိုင် ရေးအတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ကြီးကြပ်စီစဉ်ဆောင်ရွက်ခဲ့ရာ (၁၂-၁၂-၂၀၂၂) ရက် နေ့အထိ သင်္ဘော(၁၉)စီးဖြင့် စုစုပေါင်းဆန်တန်ချိန် (၁၄၃၂၂၅)တန်ကို သတ်မှတ်ချက်များနှင့်အညီ သက်ဆိုင်ရာ ဆိပ်ကမ်းများမှ တင်ပို့ပြီးစီးကြောင်း သိရှိရပါသည်။

Source : MRF (Myanmar Rice Federation)

(Tin Tin Thaung-Myantrade)

Category: Local News